….ရည်ရွယ်ချက် …..

မြန်မာနိုင်ငံ ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ တာချီလိတ်မြို့နယ်၏ ပထမဦးဆုံး ပုဂ္ဂလိကပိုင် အဆွေတော်မိသားစု (၂၄)နာရီအထူးကုဆေးခန်း ဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ….
(၁)    တာချီလိတ်မြို့နယ်အတွင်း မှီတင်းနေထိုင်ကြသော ရဟန်း ၊ ရှင် ၊ လူ ၊ ပြည်သူအပေါင်းတို့၏ ကျန်းမာ ရေးဆိုင်ရာ အထွေထွေရောဂါများကုသ ဆောင်ရွက်ပေးနိုင်ခြင်းတို့ဖြစ်ပါသည်။
(၂)     တာချီလိတ်မြို့သည် တစ်ဖက်နိုင်ငံနယ်စပ်မြို့ဖြစ်ပြီး ယခင်က စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေး အစ ရှိသည်တို့ကို အားကိုးအားထားနေရသော မြို့တစ်မြို့ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ယခုအခါတွင် အဆွေတော်မိသားစု (၂၄)နာရီအထူးကုဆေးခန်း အနေဖြင့် အရုပ်အလတ် ၊ အမြတ်မရွေး ၊ ဆင်းရဲ ချမ်းသာ လူတန်းစားမခွဲခြားဘဲ သမားတော်ကြီးများ ၊ အထူးကုဆရာဝန်ကြီးများ ၊ ဆရာဝန်များ ၊ ၀ါရင့် ကျွမ်းကျင်သူနာပြုဆရာမကြီးများနှင့် ဆရာမများ ၊ ဆေးဝါးကျွမ်းကျင်ပညာရှင်များ ၊ အခြားကျွမ်းကျင် ၀န်ထမ်းများထားရှိပြီး ခေတ်မီစက်ကိရိယာများစုံလင်စွာဖြင့် (၂၄)နာရီပတ်လုံး ပြင်ပလူနာနှင့် အတွင်း လူနာများပါ ကုသဆောင်ရွက်ပေးလျှက်ရှိပါသည်။
(၃)     အဆွေတော်မိသားစု (၂၄)နာရီအထူးကုဆေးခန်း ၏ အဓိက၀န်ဆောင်မှုများမှာ -
          ♦    အကောင်းဆုံးကုသမှုများပေးနိုင်ခြင်း
          ♦    အကောင်းဆုံးဝန်ဆောင်မှုများပေးနိုင်ခြင်း
     ♦  အကောင်းဆုံး ဆက်ဆံဆောင်ရွက်မှုများဖြင့်                              ရေရှည်စနစ်တကျစီမံဆောင်ရွက်ထားရှိသွားမည် ဖြစ်ပါသည်။
(၄)     ယခုအခါတွင် အဆွေတော်မိသားစု(၂၄)နာရီအထူးကုဆေးခန်းမှ ဝေဒနာရှင်များ၏ စိတ်ချမ်းသာမှု ပြည့်ဝ စေရေးအတွက် သော်လည်းကောင်း ၊ နယ်စပ်မြို့ဖြစ်သည့်အတွက် ကုသစရိတ်နှင့် အချိန်များပိုမို သက်သာစေရန်သော်လည်းကောင်း ၊မိမိမြို့နယ်အတွင်း အရေးပေါ်ကိစ္စများဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ပြည်သူ့ဆေးရုံကြီးနှင့် ပေါင်းစပ် ညှိနှိုင်းကာ အချိန်နှင့်တပြေးညီ ကုသဆောင်ရွက်ပေးနိုင် စေရန်သော် လည်းကောင်း ၊ ရောဂါများ ပျောက်ကင်းသက်သာနိုင်စေရန်နှင့် ပိုမိုကြီးထွားခြင်း မရှိဘဲ သက်သာမှုရှိစေရန် တို့ကို ရည်ရွယ်ပြီး  တာချီလိတ်မြို့နယ်၏ ပထမဦးဆုံးသော ပုဂ္ဂလိကဆေးခန်းအား တည်ထောင် ဖွင့်လှစ်ခဲ့ရခြင်းဖြစ်ပါသည်။

(၅)     အဆွေတော်မိသားစု(၂၄)နာရီအထူးကုဆေးခန်းအနေဖြင့်  ဒေသအတွင်း ငွေကြေး မတက်နိုင်သူများနှင့် ဆင်းရဲနွမ်းပါးသူများကိုလည်း အလျဉ်းသင့်သလို (အခမဲ့)ကျန်းမာရေး ၀န်ဆောင်မှုများကိုပါ ထည့်သွင်း ကုသဆောင်ရွက်ပေးလျှက်ရှိပါသည်။



0 comments:

Comment here

  • Facebook
  • Twitter
  • Linkedin
  • Youtube